လုပ်ငန်းစဉ်များ

အနုပညာဦးစီးဌာနသည် အောက်ဖော်ပြပါ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်-

(က) မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုများကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ သတ်မှတ် ချက်၊ ပြဋ္ဌာန်းချက်များနှင့်အညီ သိရှိလိုက်နာ ဆောင်ရွက်ရန်၊
(ခ) အနုပညာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများသည် ဖွဲ့စည်းပုံပါ အပ်နှင်းမှုအတိုင်း တာဝန်ခံမှု၊ တာဝန်ရှိမှု၊ တာဝန်ယူမှုဖြင့် ဆောင်ရွက်ရန်၊
(ဂ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့က အခါအားလျော်စွာ ထုတ်ပြန် သည့် အမိန့်၊ ညွှန်ကြားချက်နှင့် လမ်းညွှန်ချက်များအပေါ် သိရှိလိုက်နာပြီး အကောင်အထည်ဖော် ဆောင်ရွက်ရန်၊
(ဃ) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရက အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသားယဉ်ကျေးမှုကဏ္ဍဖြင့် တစ်ဖက်တစ်လမ်းက ပါဝင်ဆောင်ရွက်ရန်၊
(င) နိုင်ငံတော်မှခွဲဝေပေးသည့် ဘဏ္ဍာငွေများကို ပွင့်လင်းမြင်သာပြီး ကောင်းမွန်သည့် ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ်ဖြင့် ခြိုးခြံချွေတာ သုံးစွဲရန်၊
(စ) ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သစ် တည် ဆောက်ရေးတွင် အမျိုးသားယဉ်ကျေးမှုကဏ္ဍမှ အင်တိုက်အားတိုက် ပံ့ပိုးကူညီ ဆောင်ရွက်ရန်၊
(ဆ) မြန်မာ့အနုသုခုမ ပညာရပ်များ၊ ရိုးရာတူရိယာပစ္စည်းများ၊ ထင်ရှားကျော်ကြား သော အနုပညာရှင်များ၏ အတ္ထုပ္ပတ္တိများ၊ ဌာန၏ မှီငြမ်းပြုစရာမှတ်တမ်းများ အဖြစ် ကျန်ရှိ စေရန်နှင့် ပြည်သူများ သိရှိစေရန်၊ ပုံနှိပ်ဖြန့်ချိရေး ဆောင်ရွက်ရန်၊
(ဇ) မျိုးဆက်သစ်အနုပညာရှင်များ ပေါ်ထွန်းလာစေရေး ပြုစုပျိုးထောင်လေ့ကျင့်ပေးရန်၊
(စျ) e-Government လုပ်ငန်းများအား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊
(ည) မြန်မာ့မူမှန်ပြက္ခဒိန်များ ရေးဆွဲထုတ်ပြန်နိုင်ရေး စီစဉ်ဆောင်ရွက်ရန်၊
(ဋ) ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းသောအားဖြင့် ဇာတ် တော်ကြီးများကို ဖော်ထုတ်တင်ဆက်ရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ နယ်လှည့်ဖျော်ဖြေ တင်ဆက်နိုင်ရေး ဆောင်ရွက်ရန်၊
(ဌ) မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများမှ ဆရာ/မများအား မြန်မာ အက အခြေခံကဗျာလွတ်အက (ဆင့်ပွားနည်းပြ)သင်တန်း ဖွင့်လှစ်သင်ကြား နိုင်ရေး ဆောင်ရွက်ရန်၊
(ဍ) ရုပ်သေးကြိုးဆွဲပညာရပ်၊ ဇာတ်တော်ကြီး ဆို၊ ငို၊ ပြောစသည့် ရိုးရာသဘင်ပညာ ရပ်များနှင့် မြန်မာ့ဆိုင်းဝိုင်းကြီး တီးခတ်မှုပညာရပ် စွမ်းရည်များ တိုးမြှင့်ရေး အတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ရန်၊
(ဎ) နိုင်ငံတော်အဆင့် အခမ်းအနားများနှင့် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီး လာ ရောက် လည်ပတ်သည့် ဧည့်သည်တော်များအား မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အကများဖြင့် ဖျော်ဖြေတင်ဆက်ရန်၊
(ဏ) (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟို)အဆင့်ပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ရန်၊
(တ) အာဆီယံနိုင်ငံများနှင့် အခြားနိုင်ငံများသို့ ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့များ စေလွှတ်၍ မြန်မာ့ယဉ်ကျေးမှု အဆို၊ အကတို့ဖြင့် ဖျော်ဖြေတင်ဆက်ရန်၊
(ထ) ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အမွေ အနှစ်များ၊ ရိုးရာဂီတတူရိယာများ၊ ရိုးရာအကများ မှတ်တမ်းပြုစုခြင်း၊ သုတေသနပြုစု ခြင်းတို့ကို ဆောင်ရွက်ရန်၊
(ဒ) အနုပညာအထက်တန်းကျောင်းများတွင် ပန်တျာနှင့် ပန်းချီပန်းပုသင်တန်းများ နွေရာသီသင်တန်းများ ဆက်လက်ဖွင့်လှစ်ရန်၊
(ဓ) ဝန်ထမ်းများသည် နိုင်ငံတော်နှင့် ပြည်သူအတွက် ဌာနဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ရာ၌ တံစိုး ၃ ပါးနှင့် အဂတိတရား ၄ ပါးကင်းရှင်းစွာဖြင့် စိတ်ရင်း စေတနာ မှန်ကန်စွာ တိုးတက်အောင်မြင်မှုရအောင် ဆောင်ရွက်ရန်၊
(န) ဝန်ထမ်းများ ရာထူးတိုးမြှင့်ရေး ဆောင်ရွက်ရာတွင် ဘက်လိုက်မှု ကင်းရှင်းစွာဖြင့် ဥပဒေ၊ နည်းဥပဒေ၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန်၊
(ပ) ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်မှု Capacity Building အမြဲရှိစေရန် အတွက် လုပ်ချင်သည့်စိတ် Willingness နှင့် လုပ်နိုင်သည့်စွမ်းအား Ability တို့ကို သဟဇာတ ဖြစ်စေရေး ထိန်းညှိပေးရန်။