မြောက်ဦးမြို့ဟောင်း

မြောက်ဦးမြို့ဟောင်းသည် ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့တွင် တည်ရှိသည်။ မြောက်ဦးမြို့ဟောင်းနှင့် ပတ်သက်၍ ကွင်းဆင်းသုတေသနပြုလုပ်ငန်းကို ၁၈၇၀ ခုနှစ်၊ ဂျာမနီနိုင်ငံမှ ရှေးဟောင်းသုတသနပညာရှင် ဒေါက်တာအီးဖိုရှားမားမှ ပထမအကြိမ် ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံခြားသားပညာရှင်များနှင့် ပြည်တွင်းပညာရှင်တို့ ပူးပေါင်းကာ မြောက်ဦးဒေသရှိ စဉ့်ထည်ပစ္စည်းများနှင့် စဉ့်ဖိုထွက်ရှိရာနေရာဒေသများ၊ ကျောက်စာ များနှင့် စေတီပုထိုးနေရာများအစရှိသည့် ယဉ်ကျေးမူဆိုင်ရာနေရာများကို နယ်ပယ်ဒေသအလိုက် ကွင်းဆင်း လေ့လာသုတေသနပြုလုပ်မှုများ ရှိခဲ့ကြပါ သည်။

မြောက်ဦးမြို့ဟောင်း တူးဖော်သုတေသနပြုလုပ်ငန်းအနေဖြင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ၁၉၉၆ ခုနှစ်မှ ၂၀၀၀ ခုနှစ်အထိ မြောက်ဦးနန်းတော်ရာနေရာ၊ ကိုးသောင်းဘုရားနေရာနှင့် ကိုးသောင်းဘုရား အရှေ့မြောက် ဇီးတောကုန်းနေရာတို့အား လည်းကောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်များတွင် မြောက်ဦးမြို့ဟောင်း ဒုတိယကျောက်မြို့ရိုးနှင့် ဆက်စပ် နေသည့် ရေကျုံးနေရာများနှင့် ကိုးသောင်းဘုရား အရှေ့မြောက်ဘက်ရှိ ယာယီနန်းတော်ရာအား လည်းကောင်း တူးဖော်မူလုပ်ငန်း ဆောင်ရွက်ခဲ့ကြပါသည်။