စာပြုလုပ်ငန်း (Data Processing)

စာပြုလုပ်ငန်းဆိုသည်မှာ စာကြည့်တိုက်ပိုင်စာပေပစ္စည်းများကို စာဖတ်သူတို့ အလွယ်တကူ ရှာဖွေနိုင်စေရန် နိုင်ငံတကာစာကြည့်တိုက်သုံး စည်းမျဉ်းများကို အသုံးပြု၍ ကက်တလောက်များ၊ အညွှန်းများပြုစုခြင်း လုပ်ငန်းဖြစ်ပါသည်။ အမျိုးသားစာကြည့်တိုက် (ရန်ကုန်)၏ စာပြုလုပ်ငန်း ဆောင်ရွက်ချက်များမှာ စာကြည့်တိုက်သို့ ရောက်ရှိလာသည့် စာအုပ်၊ စာနယ်ဇင်း၊ လက်ရေးစာ စသည်များကို နိုင်ငံတကာ စာကြည့်တိုက်သုံး စည်းမျည်းစည်းကမ်းများနှင့်အညီ ကက်တလောက် စာရင်းပြုစုပါသည်။

အဓိကအသုံးပြုသော စာကြည့်တိုက်စည်းမျဉ်းများမှာ ကက်တလောက်လုပ်ငန်းအတွက် AACR-2 (Anglo American Cataloguing Rules Second Edition) မျိုးတူစုလုပ်ငန်းအတွက် Dewey Decimal Classification 23rd Edition၊ ပညာရပ်ခေါင်းစဉ်အတွက် Sear’s List of Subject Heading 19th Edition တို့ဖြစ်ပါသည်။

မြန်မာဘာသာစာအုပ်များအတွက် အထက်ပါစည်းမျဉ်းများကို အခြေခံကာ Sheet Catalogue ပြုစုပြီး Data Sheet Form များကို Solib Library Software တွင် ထည့်သွင်းထားရှိပါသည်။ အမျိုးသားစာကြည့်တိုက်ရှိ စာစုများအနက် ပြည်တွင်းထုတ်စာအုပ်များကို မျိုးတူစုအလိုက် စီစဉ်ထားရှိပါသည်။ ရည်ညွှန်းစာအုပ်များ၊ အစိုးရထုတ် စာအုပ်စာတမ်းများ၊ ရှားပါးစာအုပ် စာနယ်ဇင်းများ၊ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော မြန်မာနိုင်ငံအကြောင်းစာစုများ၊ နိုင်ငံခြား ဘာသာစာအုပ်စာတမ်းများ၊ အာဆီယံနိုင်ငံများဆိုင်ရာ စာစုများ၊ ကုလသမဂ္ဂဆိုင်ရာ စာစုများ၊ ဘွဲ့ယူကျမ်းများ၊ မြန်မာ နိုင်ငံပြန်တမ်းစသည်တို့ကို တိုက်ပိုင်အမှတ်စဉ်အလိုက်စီစဉ်ထားရှိပါသည်။

အလှုရှင်များမှ လှုဒါန်းသည့် ပေ၊ ပုရပိုက်များကိုပြုပြင်ထိန်းသိမ်းပြီး မြန်မာ့စာပေယဉ်ကျေး မှုအမွေ အနှစ်တစ်ရပ်အဖြစ် သီးခြား ထိန်းသိမ်းထားရှိပါသည်။