အမျိုးသားဇာတ်ရုံ (ရန်ကုန်)

အမျိုးသားဇာတ်ရုံ(ရန်ကုန်)၏ သမိုင်း

  • အမျိုးသားဇာတ်ရုံ(ရန်ကုန်)ကို ၁၉၈၅ ခုနှစ်၊ မတ်လတွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီး လီရှန်နင့် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး အလည်အပတ်လာရောက်ခဲ့စဉ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနှင့် ပြည်သူ တို့၏ ကိုယ်စား မေတ္တာလက်ဆောင်ပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။ ၂၇.၁၂.၁၉၉၀ ပြည့်နှစ်တွင် တည်ဆောက် ပြီးစီးခဲ့ပြီး ၃၁.၁.၁၉၉၁ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။ အမျိုးသားဇာတ်ရုံ(ရန်ကုန်)သည် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ ဇာတ်ရုံဌာနခွဲ(နေပြည်တော်)၏ ကြီးကြပ်မှုအောက်တွင် တည်ရှိပါသည်။
  • အမျိုးသားဇာတ်ရုံ (ရန်ကုန်)သည် ရန်ကုန်တိုင်းဒေသကြီး၊  ဒဂုံမြို့နယ်၊ ဦးဝိစာရရပ်ကွက်၊ မြို့မကျောင်းလမ်း ပေါ်တွင် တည်ရှိပြီး မြေဧရိယာအကျယ်အဝန်း သည် ၈.၅၁၄ ဧက ကျယ်ဝန်းပါသည်။
  • ဇာတ်ရုံ၏ သက်တမ်းကြာမြင့်လာခြင်း၊ ခေတ်မီနည်းပညာများဖြင့်  အဆင့်မြှင့်တင်ရန် လိုအပ်မှုများကြောင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် ၁၀.၈.၂၀၁၉ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အင်ဂျင်နီယာများ ဦးဆောင်၍ မြန်မာလုပ်သားများဖြင့် ဆောင်ရွက်ခဲ့ပါသည်။
  • အမျိုးသားဇာတ်ရုံ (ရန်ကုန်)ကို အကြီးစားပြင်ဆင်မှုအတွက် လုပ်ငန်းတန်ဖိုး RMB ၁၇၃၀၀၀၀၀၀ (ယွမ်တစ်ရာခုနစ်ဆယ့်သုံးသန်းတိတိ) ကုန်ကျခဲ့ပြီး Power Supply System, Water Supply System, Fire Fighting System, Stage lighting System, Stage Equipment System, Audio System, Air con: System, LED Board System and Telecommunication System တို့အား အဆင့်မြှင့်တင် ဆောင်ရွက်ထားရှိပါသည်။
  • ၂၃.၁၁.၂၀၂၂ ရက်နေ့တွင် လုပ်ငန်းများအားလုံးပြီးစီးခဲ့ပြီ ဖြစ်ပါသဖြင့် အမျိုးသားဇာတ်ရုံ(ရန်ကုန်)အား လွှဲပြောင်း လက်ခံခြင်းအခမ်းအနားကို ၂၇.၁၂.၂၀၂၂ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ 
  • ဇာတ်ရုံအဆောက်အဦ၏ အလျားမှာ ၃၃၀ ပေအနံ ၃၁၂ ပေနှင့် အမြင့် ၇၂ ပေ ဖြစ်ပါသည်။ ဇာတ်စင်အလျားမှာ ၄၅ ပေ၊ အနံ ၆၀ ပေ၊ အမြင့် ၇၂ ပေရှိပါသည်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားဇာတ်ရုံ အမည်ပေါက် မြေတိုင်းမြေပုံ ရရှိပြီး ဖြစ်ပါသည်။ အပေါ်ထပ်ပွဲကြည့်ထိုင်ခုံ ၄၈၂ ခုံနှင့် အောက်ထပ်ပွဲကြည့်ထိုင်ခုံ ၆၃၂ ခုံ ဖြစ်ပါသည်။ စုစုပေါင်း ၁၁၁၄ ခုံဖြစ်ပါသည်။

အမျိုးသားဇာတ်ရုံ(ရန်ကုန်)


အမျိုးသားဇာတ်ရုံ (ရန်ကုန်) လွှဲပြောင်းလက်ခံခြင်းအခမ်းအနား


အမျိုးသားဇာတ်ရုံ(ရန်ကုန်) ငှားရမ်းခနှုန်းထားများ

အမျိုးသားဇာတ်ရုံ(ရန်ကုန်)၏ ငှားရမ်းခနှုန်းထားများကို အနုပညာဦးစီးဌာန  ၏၂၈.၃.၂၀၂၃ ရက်စွဲပါ စာအမှတ်၊ ၁၁၁၆ / ခ-၈ /၂၀၂၂-၂၀၂၃ အရ အောက်ဖော်ပြပါအတိုင်း သတ်မှတ်နှုန်းထားများကို ခွင့်ပြုပေးခဲ့ပါသည်-

(က)       ကြိုတင်ပြင်ဆင်ရက်                                                                                     (၈)နာရီ                ၂၀၀၀၀၀ဝိ/-

(ခ )         မြန်မာ့ရိုးရာယဉ်ကျေးမှုကပွဲများ၊ အခမ်းအနားများ နှင့် စာပေဟောပြောပွဲများ      (၈)နာရီ                 ၄၀၀၀၀၀ဝိ/-                                                                            

(ဂ)          စင်တင်တေးဂီတဖျော်ဖြေပွဲများ၊ Fashion Show များ                                      (၈)နာရီ                 ၅၀၀၀၀၀ဝိ/-      

(ဃ)        Outdoor LED(၂၁ ပေ x ၁၀.၅ပေ) 1 Section                                                 (၄)နာရီ                 ၁၀၀၀၀၀ဝိ/-

(င )         Intdoor LED(၄၈.၃ ပေ x ၂၃ပေ) 1 Section                                                  (၄)နာရီ                 ၂၀၀၀၀၀ဝိ/-