စာဖတ်ခန်းဝန်ဆောင်မှုများ

စာဖတ်ခန်း ဝန်ဆောင်မှုများ

အထွေထွေစာဖတ်ခန်း(General Reading Room ) တွင် လတ်တလော ထုတ်ဝေသည့် စာအုပ် စာနယ်ဇင်းများ၊ ရည်ညွှန်းစာအုပ်များ၊ အစိုးရထုတ်စာအုပ်များကိုဖတ်ရှုနိုင်ပါသည်။ ပေ၊ ပုရပိုက်နှင့် ပြည်တွင်းထုတ် မြန်မာစာအုပ်များ၊ မြန်မာနိုင်ငံအကြောင်း (Books on Myanmar) စာစုများ၊ စာနယ်ဇင်းများ၊ ကုလသမဂ္ဂနှင့်အာဆီယံစာစုများကို သက်ဆိုင်ရာ စာဖတ်ခန်း အသီးသီး တွင် ရယူဖတ်ရှုနိုင်စေခြင်းဖြင့် သုတေသီများ၊ ကျောင်းသူ၊ ကျောင်းသားများသာမက သတင်း အချက်အလက်ရှာ ဖွေသူမှန်သမျှကို ကူညီဝန်ဆောင်မှုပြုလျက်ရှိပါသည်။