ရည်မှန်းချက်

အနုပညာဦးစီးဌာနသည် အောက်ဖော်ပြပါ ရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်-

(က) အနုပညာဦးစီးဌာနတွင် အနုပညာမျိုးဆက်သစ်များအား လေ့ကျင့်ပျိုးထောင်ပေး သည့် အခြေခံကျောင်းများဖြစ်သော အနုပညာအထက်တန်းကျောင်းများမှ အဆင့်မြင့် လေ့ကျင့်ပျိုးထောင်ပေးသော အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် များအထိ အနုပညာရှင် မျိုးဆက်သစ်များကို လေ့ကျင့်မွေးထုတ်ပေးရန်၊
(ခ) မြန်မာ့ရိုးရာယဉ်ကျေးမှုဆိုင်ရာ အဆို၊ အက၊ အရေး၊ အတီးနှင့် ဆို၊ ငို၊ ပြောဇာတ်၊ ပြဇာတ်၊ ယိမ်း၊ အငြိမ့်နှင့် ဂန္တဝင်ဇာတ်ကြီးများ၊ တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာ အက တေးဂီတတို့ကို လေ့လာဖော်ထုတ် ထိန်းသိမ်းရန်၊
(ဂ) နိုင်ငံအချင်းချင်း ယဉ်ကျေးမှုပူးပေါင်းဖလှယ်ရေး အစီအစဉ်များ ဆောင်ရွက်ရန်၊
(ဃ) မြန်မာ့ရိုးရာယဉ်ကျေးမှုစစ်စစ် ပြသသည့် ပဒေသာကပွဲများ၊ ဇာတ်တော်ကြီးများ ပြည်သူသို့ တင်ဆက်ကပြရေး ဆောင်ရွက်ရန်၊
(င) မဟာဂီတသီချင်းကြီးများ၏ စာသား၊ သံစဉ်၊ ဆိုဟန်၊ တီးကွက်များ နိုင်ငံတော်မူ အဖြစ် ထားရှိထိန်းသိမ်းရေးနှင့် ပြန့်ပွားစေရေး ဆောင်ရွက်ရန်၊
(စ) မြန်မာ့အနုသုခုမပညာရပ်များ၊ ရိုးရာတူရိယာပစ္စည်းများ၊ ထင်ရှားကျော်ကြား သော အနုပညာရှင်များ၏ အတ္ထုပ္ပတ္တိများ၊ ဌာန၏ မှီငြမ်းပြုစရာ မှတ်တမ်းအဖြစ် ကျန်ရှိစေရန်နှင့် ပြည်သူများအား သိရှိစေရေး ဆောင်ရွက်ရန်။