ပညာသင်နှစ်အလိုက် ကျောင်းသားသစ်များ ခေါ်ယူခြင်းနှင့် သင်တန်းသား ရွေးချယ်မှုစနစ်

သင်တန်းသားရွေးချယ်မှုစနစ်

နှစ်စဉ် ဇူလိုင်လနှင့် သြဂုတ်လအတွင်းတွင် နေ့စဉ်ထုတ်သတင်းစာများမှ ကြော်ငြာ ထည့်သွင်း၍ ကျောင်းသားသစ်များ ခေါ်ယူပါသည်။ သင်တန်းဝင်ခွင့် အရည်အချင်းသတ်မှတ်ချက်ကိုက်ညီသူများအား ဝင်ခွင့်စိစစ်ရေးအဖွဲ့က လူတွေ့ စစ်ဆေးပါသည်။ အနုပညာပင်ကိုယ် အရည်အသွေး၊ အနုပညာဗီဇနှင့် ဝါသနာ တို့အရ အထူးပြုဘာသာရပ်များ တက်ရောက်ခွင့်ပြုနိုင်ရန် စိစစ်ရွေးချယ်ပါသည်။