ညောင်ကန် ရှေးဟောင်းနေရာဒေသ

ညောင်ကန်ကြေးခေတ်ယဉ်ကျေးမှုဒေသသည် ဘုတလင်မြို့နယ်၊ ညောင်ကန်ရွာတွင် ၁၉၉၈-ခုနှစ်၊ ဇန်နဝါရီလတွင် စမ်းသပ်တူးဖော်မှုကို ပထမအကြိမ် စတင်လုပ်ဆောင်ခဲ့ပါသည်။ တူးဖော်မှုမှ အရိုးစုများ၊ ကျောက်လက်နက်များနှင့် ကြေးထည်ပစ္စည်းများကို တွေ့ရှိရသည်။ ကျောက်ကွင်းအများစုမှာ မီးတောင်ချော်ကျောက်ဖြင့် ပြုလုပ်ထားကြသည်။ ထိုကျောက်ကွင်းများမှာ အချောသတ်ထားပြီး ကျောက်ကွင်းများ၏ ပုံသဏ္ဌာန်မှာ အဝိုင်းပုံစံ၊ ဘဲဥပုံစံ၊ လေးထောင့်ပုံစံနှင့် တြိဂံပုံစံဖြစ်ကြသည်။ ကျောက်ပုတီးစေ့များကိုလည်း အရိုးစုများနှင့်အတူတွေ့ရသည်။ ပုတီးစေ့ (၃)မျိုးရှိပြီး ၎င်းတို့မှာ မြေမီးဖုတ်ပုတီးစေ့၊ ဒုလုံးပုံကျောက်ပုတီးစေ့နှင့် သေးငယ်သော သတ္တဝါ၏ အခွံပုတီးစေ့တို့ဖြစ်ပါသည်။ ကျောက်ပုတီးစေ့များကို မီးတောင်ချော်ကျောက်ဖြင့် ပြုလုပ်ထားသည်။