ထန်းတပင် ရှေးဟောင်းနေရာဒေသ

ထန်းတပင်ကြေးခေတ်ယဉ်ကျေးမှုဒေသသည် မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့၏ အနောက်ဘက်(၄)မိုင်အကွာတွင် တည်ရှိပါသည်။ ၂၀၁၄-ခုနှစ် နှစ်ကုန်ပိုင်း ကာလခန့်က စက်ရေတွင်း တူးဖော်ရာမှ အရိုးများ၊ မြေအိုးများ၊ သံလက်နက်များကို တွေ့ရှိရသောကြေင့် ရှေးဟောင်း သုတေသနဌာနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ၂၀၀၄-ခုနှစ်၊ ဇန်နဝါရီလတွင် ကွင်းဆင်းလေ့လာ ခဲ့ ကြသည်။ ၂၀၀၆-ခုနှစ် အစပိုင်းတွင် (C.N.R.S)မှပညာရှင်များနှင့် မြန်မာနိုင်ငံမှ ပညာရှင်များ ပူးပေါင်း၍ တူးဖော်သုတေသန ပြုခဲ့ရာတွင် ရုပ်ကြွင်းအရိုးစု (၁၉)ခု၊ ပုတီးစေ့များ၊ မြေထည်ပစ္စည်းများ၊ လက်ကောက်ကွင်းများကို တွေ့ရှိခဲ့ကြသည်။