တကောင်းရှေးမြို့ဟောင်း

တကောင်းရှေးမြို့ဟောင်းသည် ဧရာဝတီမြစ်ဘယ်ဘက်ကမ်း မန္တလေးအထက် (၁၂၇)မိုင် အကွာတွင် တည်ရှိသည်။ ထိုရှေးမြို့ဟောင်းတွင် ပထမဆုံးတူးဖော်မှုကို ၁၉၆၇-၁၉၆၈ ခုနှစ်တွင် စတင်ပြုလုပ်ခဲ့သည်။ တူးဖော်မှုမှ ထူးခြားသော ပုံစံနှစ်မျိုးရှိသည့် အုတ်ခွက်ဘုရားများကို တူးဖော် ရရှိခဲ့သည်။ တကောင်းရှိ ရှေးဟောင်းနေရာတွင် “ပုဂံခေတ် အထက်ပိုင်း”ဟုခေါ်သည့် အခြားသော ရှေးမြို့ဟောင်းနေရာများ ပါဝင်သည်။ ၂၀ဝ၄ ခုနှစ်တွင် ထိုမြို့၏ ရှေးဟောင်းနေရာတစ်ခုမှာ ယခု အထက်တန်းကျောင်း တစ်ကျောင်းဖြစ်ပြီး၊ ထိုကျောင်းဝင်းအတွင်းတွင် တူးဖော်စဉ် အိုးခြမ်းကွဲများကို တွေ့ရှိခဲ့သည်။ ထို့ကြောင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ထိုနေရာအား တူးဖော်ခဲ့သည်။ ယခု ထိုအိုးများအား ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ မူလအခြေအနေအတိုင်း ထိန်းသိမ်းထားသည်။