ပုဂံရှေးဟောင်းသုတေသနပြတိုက်

ပုဂံရှေးဟောင်းသုတေသနပြတိုက်

တည်နေရာ ပုဂံမြို့ဟောင်း၊ ပုဂံညောင်ဦးမြို့၊ ကန်တော့ပလ္လင်ဘုရား၏ တောင်ဘက်၊ မန္တလေးတိုင်းဒေသကြီး။
ဖွင့်လှစ်သည့်ခုနှစ် ၁၇.၄.၁၉၉၈
(၁၉၀၄ ခုနှစ်တွင် အာနန္ဒာဘုရား မြောက်ဘက်၌ ပြတိုက်ငယ်တစ်ခု တည်ဆောက်ကာ ကျောက်စာတိုင်များပြသ ခဲ့ပါသည်။ ၁၉၇၉ ခုနှစ်တွင် ကန်တော့ပလ္လင်ဘုရားတောင်ဘက်တွင် ရှစ်မြှောင့်ပုံ ပြတိုက်ငယ်တစ်ခု တည်ဆောက်ဖွင့်လှစ်ပြသခဲ့ပါသည်။(ယခုကလေးများပြတိုက်အဖြစ် ဖွင့် လှစ်ပြသထားပါသည်။))
ခင်းကျင်းပြသထားမှု အထူးပင်မပြခန်း(သို့မဟုတ်)ပင်မခန်းမဆောင်၊ ပုဂံခေတ် လက်မှုအနုပညာ ပြခန်း၊ ပုဂံခေတ် ဗိသုကာပြခန်း၊ ပုဂံခေတ် လူနေမှုဘဝပြခန်း၊ ပုဂံခေတ် စာပေပြခန်း၊ ပုဂံခေတ် နန်းတော်ပုံစံငယ်ပြခန်း၊ ပုဂံခေတ် ဗုဒ္ဓအနုပညာ ပြခန်း၊ ပုဂံခေတ် ဗုဒ္ဓဆင်းတုတော်များပြခန်း၊ ပုဂံခေတ် နံရံဆေးရေးပန်းချီ ပြခန်း၊ ပုဂံခေတ် ဘုရားပုထိုးပန်းချီပြခန်း၊
ဝင်ကြေး နိုင်ငံခြားသား ၅၀ဝဝိ/-၊ ပြည်တွင်း လူကြီး ၅၀ဝိ/၊ ရဟန်း၊ သံဃာ၊ သီလရှင်၊ ကလေး ၊ ကျောင်းသား အခမဲ့
ဖွင့်လှစ်သည့်အချိန် နံနက် (ဝ၉:၃၀)နာရီ မှ ညနေ (ဝ၄:၃၀)နာရီအထိ
ပြတိုက်ပိတ်ရက် တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များ
ဖုန်းနံပါတ် ၀၆၁ ၂၄၆၀၅၅၇