ဝင်းက၊ အရက်သမ ရှေးဟောင်းဒေသ

၁၉၅၇ ခုနှစ်၊ သြဂုတ်လ(၁၄) ရက်နေ့တွင် ဆရာကြီးဦးဖိုးလတ်သည် မွန်ပြည်နယ် တစ်လျှောက် ကွင်းဆင်းလေ့လာမှုပြုလုပ်ခဲ့ရာ ယခင်က အီးဖိုရှားမားနှင့် တော်စိန်ခိုသွားရောက် လေ့လာခဲ့သော ယက္ကန်းသည်မရွာတွင် မြို့ရိုးအကြွင်းအကျန်များနှင့် တိုက်ကုလား (ဝင်းက)မြို့ဟောင်းနေရာများ ရှိနေကြောင်း ထပ်မံသုတေသနပြု၍ အတည်ပြုခဲ့ကြသည်။ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနသည် အရက်သမ၊ ဝင်းကဒေသရှိ ရှေးဟောင်းနေရာများကို ၁၈၉၁-ခုနှစ်မှ စတင်ပြီး၊ ၂၀၁၂-ခုနှစ်အထိ အကြိမ်ကြိမ်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။ တူဖော်သုတေသနပြုလုပ်ငန်း အနေဖြင့် ၁၉၇၆ -ခုနှစ်မှ ၂၀၁၆-ခုနှစ်အထိ (၄)ကြိမ်ဆောင်ရွက်ခဲ့ပြီး ရှေးဟောင်းအုတ်ကုန်းပေါင်း (၁၄)ကုန်းထိ သုတေသနပြု တူးဖော်ဆောင်ရွက်ခဲ့သည်။