ပုတီးကုန်း ရှေးဟောင်းနေရာဒေသ

ပုတီးကုန်းကြေးခေတ်၊ သံခေတ်ယဉ်ကျေးမှုဒေသသည် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့ နယ်တွင် တည်ရှိသည်။ တူးဖော်မှုကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့ပြီး တူးဖော်မှုမှ မြေထည်ပစ္စည်းများ၊ မြေရှပ်ဒိုးများ၊ မြေပုတီးစေ့များ၊ တိရစ္ဆာန်အရိုးများ၊ လူအရိုးစုများ၊ ရုပ်ကြွင်းများ၊ ကျောက်ဝတ္ထုပစ္စည်းများ၊ ပုတီးစေ့များ၊ သံထည်လက်နက်ကိရိယာများကို တူးဖော်တွေ့ရှိရသည်။