မြစေတီ(ရာဇကုမာရ်)ကျောက်စာ

ဘာသာလေးမျိုးဖြင့် ရေးထိုးထားသော မြစေတီကျောက်စာအား ၂၀၁၄-ခုနှစ်၊ မတ်လ (၂၈) ရက်နေ့တွင် ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်နိုင်ရေးအတွက် အဆိုပြုပုံစံများရေးသား၍ UNESCO သို့ တင်သွင်းခဲ့ပါသည်။ အာရပ်စော်ဘွားများပြည်ထောင်စု၊ အဘူဒါဘီမြို့တွင် ၂၀၁၅-ခုနှစ်၊ အောက်တိုဘာလ (၄)ရက်မှ အောက်တိုဘာလ(၆)ရက်နေ့အထိ ကျင်းပသော ကမ္ဘာ့မှတ်တမ်းအမွေအနှစ် လျှောက်ထားမှုပေါင်း (၈၇)ခုအနက်မှ မြန်မာနိုင်ငံမှတင်သွင်းသော မြစေတီကျောက်စာကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်းအဖြစ် သတ်မှတ် ခဲ့ပါသည်။ ၂၀၁၆ ခုနှစ်တွင် မြစေတီ(ရာဇကုမာရ်) ကျောက်စာ Logo စိုက်ထူခြင်းအခမ်းအနားကို ပုဂံရှေးဟောင်းသုတေသနပြတိုက်နှင့် မြစေတီဘုရား တို့တွင် ဆောင်ရွက်ခဲ့ပါသည်။