တက္ကသိုလ်၏ လုပ်ငန်းတာဝန်

  • ကျောင်းသား၊ ကျောင်းသူများ၏ အနုပညာဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှု၊ အသိပညာနှင့် ကောင်းမွန်သော ကိုယ်ကျင့်တရားများ ဖွံ့ဖြိုးတိုးတက်စေရန်
  • မြန်မာ့ယဉ်ကျေးမှုအနုပညာရပ်များကို ဖော်ထုတ်ထိန်းသိမ်း၍ တိုးတက်ပြန့်ပွား စေရန်နှင့် အရည်အသွေးပြည့်ဝသည့် အနုသုခုမဆိုင်ရာ လူ့အဖွဲ့အစည်း တစ်ရပ် ပေါ်ထွန်းရေးအတွက် ဆောင်ရွက်ရန်
  • ပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံနှင့် အသုံးချသုတေသနများမှ တစ်ဆင့် အဆင့်မြင့်သုတေသနများအထိ ဆောင်ရွက်နိုင်စေရန်
  • အာဆီယံလူမှုယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ အခြေပြမြေပုံနှင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်လိုက်လျောညီထွေဖြစ်စေရေး ဆောင်ရွက်သွားရန်
  • ပြည်ပတက္ကသိုလ်များ၊ ဆက်စပ်အဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ အနုပညာ၊  နည်းပညာနှင့် ယဉ်ကျေးမှုပူးပေါင်းဖလှယ်ရေးအစီအစဉ်များကို ဆောင်ရွက်သွားရန်