နေပြည်တော်၊ ပျဉ်းမနား

ရွှေဗုဒ္ဓဆင်းတုတော် (၁)ဆူနှင့် ငွေဗုဒ္ဓဆင်းတုတော် (၁)ဆူကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ထိုရှေးဟောင်းဗုဒ္ဓ ရုပ်ပွားတော်များကို ပျဉ်းမနားမြို့၊ နေပြည်တော်၊ ကျည်တောင်ကျေးရွာအုပ်စု ၊ သာယာဝှမ်းကျေးရွာ အနီးတွင် တွေ့ရှိခဲ့သည်။ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသည် ရှေးဟောင်းဗုဒ္ဓ ရုပ်ပွားတော်များ လွှဲပြောင်းပေးအပ်ခြင်းအတွက် လက်ရှိတွင် ဆုငွေများ ချီးမြှင့်သည်။ ဥပဒေ များ၊ စည်းကမ်းများ၊ စည်းမျဉ်းများနှင့်အညီ ရှေးဟောင်းအဆောက်အအုံများနှင့် ယဉ်ကျေးမှု ဆိုင်ရာ အမွေအနှစ်ပစ္စည်း များအား မူလအခြေအနေအတိုင်း ထိန်းသိမ်းထားရှိသည်။

SONY DSC