အမျိုးသားပြတိုက်

အမျိုးသားပြတိုက် (နေပြည်တော်)
– အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ဖော်ထုတ်ပြသရန်။
– ကြွယ်ဝပြီးအဆင့်အတန်းမြင့်မားသည့် မိမိတို့လူမျိုး၏ ခေတ်အဆက်ဆက် ပြောင်းလဲ ပေါ်ထွန်းလာခဲ့သော ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ပြသရန်။
– မိမိတို့လူမျိုး၏ Soft Power  စွမ်းဆောင်ချက်များကိုပြသရန်။
– မိမိနိုင်ငံ၊ လူမျိုး၏ဂုဏ်ဒြပ်နှင့်ညီသော၊ နိုင်ငံတော်အဆင့်နှင့် ညီသောပြတိုက်ဖြစ်အောင် တည်ဆောက်ရန်။
– ခေတ်မီ၊ စွဲဆောင်မှုရှိပြီး အဆင့်အတန်းမြင့်မား၍ ထိန်းသိမ်းမှုစနစ် မှန်ကန်သောပြတိုက် အဖြစ်တည်ဆောက်ရန်။

အမျိုးသားပြတိုက် (ရန်ကုန်)
– ရှေးဟောင်း မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ရှာဖွေစုဆောင်းရန်။
– စုဆောင်းထားရှိသော ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများကို ရေရှည်တည်တံ့ခိုင်မြဲစေရေး အတွက် ထိန်းသိမ်းစောင့်ရှောက်ရန်။
– ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းမျာကို ပြည်သူလူထုအား ခင်းကျင်းပြသရန်။
– ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများနှင့် ပတ်သက်သည်များကို သုတေသနပြု၍ စာအုပ် ထုတ်ဝေရန်။
– အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များကို တန်ဖိုးထား လေးစားတတ်လာစေရန် အတွက် ပြည်သူလူထုကို အသိပညာပေးရန်။
– ခင်းကျင်းပြသထားသော ရှေးဟောင်းပစ္စည်းများနှင့် စုဆောင်းရရှိထားသော ရှေးဟောင်း ပစ္စည်းများကို သဘာဝဘေးအန္တရာယ်၊ ပိုးမွှားတိရိစ္ဆာန် အန္တရာယ်မှ ကာကွယ် စောင့်ရှောက်ရန်။