ရည်မှန်းချက်

သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနသည် သမိုင်းပညာရပ်ဖြင့် မြန်မာတို့၏အစဉ်အလာကောင်းများကို ဖော်ထုတ်ထိန်းသိမ်းကာ လူမှုပြဿနာများကို ဖြေရှင်းပေးရာတွင် စံများ၊ သင်ခန်းစာများ ပေးစွမ်းနိုင်ပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် အထောက်အကူ ဖြစ်စေရန်နှင့် စာပေအမွေအနှစ်များအား ပြည့်စုံစွာ စုဆောင်း၊ ထိန်းသိမ်း၊ ဝန်ဆောင်မှုပေးရာ ဗဟိုဌာနဖြစ်စေရန် ရည်မှန်းချက် ထား၍ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။