မြန်မာအက အခြေခံကဗျာလွတ် အကသင်တန်း

မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ရှာဖွေ၊ ဖော်ထုတ်၊ တိုးတက်ပြန့်ပွားစေရေး ဆောင်ရွက်နေသော အနုပညာဦးစီးဌာနအနေဖြင့် မြန်မာအက အခြေခံကဗျာလွတ်အကသင်တန်း များကို ၂၀၁၄ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပါသည်။ မြန်မာအကအခြေခံ ကဗျာလွတ်အက (ပထမ)အဆင့်တွင် ဗဟိုနည်းပြ ၃၀ ဦး၊ မြန်မာအကအခြေခံကဗျာလွတ်အက(ဒုတိယ)အဆင့်တွင် ဗဟိုနည်းပြ ၃၉ ဦး ကို သင်ကြားပို့ချခဲ့ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ အခြေခံပညာ ကျောင်းများမှ ဆရာ၊ ဆရာမ များကို ဖိတ်ခေါ်၍ မြန်မာအကအခြေခံကဗျာလွတ်(ပထမ) အဆင့်နှင့် (ဒုတိယ)အဆင့် ဆင့်ပွားနည်းပြသင်တန်း ၇ ကြိမ်ဖွင့်လှစ်ကာ သင်တန်းသား/သင်တန်းသူ ၇၀၄ ဦး ကို သင်ကြားပေးခဲ့ပါသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ လေ့ကျင့်ရေးနှင့်သုတေသနဌာနခွဲက ဖွင့်လှစ်သင်ကြားခဲ့သော မြန်မာအကအခြေခံကဗျာလွတ်အကသင်တန်းများ

စဉ်

သင်တန်းအမည်

သင်တန်းကာလ

သင်တန်းသား ဦးရေ

သင်တန်းပြုလုပ်သည့်နေရာ

မြန်မာအက အခြေခံကဗျာလွတ်အက (ပထမအဆင့်) ဗဟိုနည်းပြသင်တန်း အမှတ်စဉ် (၁/၂၀၁၄) (၁၂.၃.၂၀၁၄) မှ(၂၀.၃.၂၀၁၄)ထိ (၃၀)ဦး ယဉ်ကျေးမှု ရတနာခန်းမ
မြန်မာအက အခြေခံကဗျာလွတ်အက (ပထမအဆင့်) ဆင့်ပွားနည်းပြသင်တန်း အမှတ်စဉ် (၁/၂၀၁၄) (၂၂.၅.၂၀၁၄) မှ (၃၀.၅.၂၀၁၄)ထိ (၁၀၃)ဦး ယဉ်ကျေးမှု ရတနာခန်းမ
မြန်မာအက အခြေခံကဗျာလွတ်အက (ပထမအဆင့်) ဆင့်ပွားနည်းပြသင်တန်း အမှတ်စဉ် (၂/၂၀၁၄) (၂၅.၈.၂၀၁၄) မှ (၃.၉.၂၀၁၄)ထိ (၈၄)ဦး ယဉ်ကျေးမှု ရတနာခန်းမ
မြန်မာအက အခြေခံကဗျာလွတ်အက (ဒုတိယအဆင့်) ဗဟိုနည်းပြသင်တန်း အမှတ်စဉ် (၁/၂၀၁၅) (၁၉.၃.၂၀၁၅) မှ (၂၄.၃.၂၀၁၅)ထိ (၃၉)ဦး ယဉ်ကျေးမှု ရတနာခန်းမ
မြန်မာအက အခြေခံကဗျာလွတ်အက (ဒုတိယအဆင့်) ဆင့်ပွားနည်းပြ သင်တန်းအမှတ်စဉ် (၁/၂၀၁၅) (၂၅.၃.၂၀၁၅) မှ(၃.၄.၂၀၁၅)ထိ (၁၅၃)ဦး ယဉ်ကျေးမှု ရတနာခန်းမ
မြန်မာအက အခြေခံကဗျာလွတ်အက (ဒုတိယအဆင့်) ဆင့်ပွားနည်းပြ သင်တန်းအမှတ်စဉ် (၂/၂၀၁၅) (၂၆.၁၀.၂၀၁၅)မှ (၁.၁၁.၂၀၁၅)ထိ (၇၀)ဦး ယဉ်ကျေးမှု ရတနာခန်းမ
မြန်မာအက အခြေခံကဗျာလွတ်အက (ပထမအဆင့်) ဆင့်ပွားနည်းပြ သင်တန်းအမှတ်စဉ် (၁/၂၀၁၆) (၂၁.၃.၂၀၁၆)မှ (၃၀.၃.၂၀၁၆)ထိ (၉၄)ဦး မန္တလေးမြို့၊ အမှတ်(၅)အခြေခံ ပညာအထက် တန်းကျောင်း
မြန်မာအက အခြေခံကဗျာလွတ်အက (ပထမအဆင့်)  ဆင့်ပွားနည်းပြ သင်တန်းအမှတ်စဉ် (၁/၂၀၁၇) (၂၀.၃.၂၀၁၇)မှ (၂၉.၃.၂၀၁၇)ထိ

၁၀၀ ဦး

ယဉ်ကျေးမှု ရတနာခန်းမ
မြန်မာအက အခြေခံကဗျာလွတ်အက (ဒုတိယအဆင့်) ဆင့်ပွားနည်းပြသင် တန်းအမှတ်စဉ် (၁/၂၀၁၈) (၁၉.၃.၂၀၁၈)မှ (၂၇.၃.၂၀၁၈)ထိ

၁၀၀ ဦး

ယဉ်ကျေးမှု ရတနာခန်းမ