စာပေပစ္စည်း ပြုပြင်ထိန်းသိမ်းခြင်း

စာပေပစ္စည်းပြုပြင်ထိန်းသိမ်းရေး

စာပေယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများနှင့် စာကြည့်တိုက်ရှိ အထောက်အထားမှတ်တမ်း တို့ကို ပြုပြင်ထိန်းသိမ်းရာတွင် မူလအခြေအနေထက်ဆိုးရွားစွာပျက်စီးမှု မဖြစ်အောင် တားဆီးခြင်း၊ ဆိုးရွားပျက်စီးလာလျှင်လည်း ဆက်လက်ပျက်စီးမှုမဖြစ်စေရန် စာပေပစ္စည်းပြုပြင်ထိန်းသိမ်းရေး နည်းစနစ်များ အသုံးပြု၍ အဆင့်ဆင့်ဆောင်ရွက်ခြင်းဖြင့် ရေရှည်တည်တံ့စေရန် ထိန်းသိမ်းခြင်း လုပ်ငန်းကို ဆောင်ရွက် လျှက်ရှိပါသည်။

အမျိုးသားစာကြည့်တိုက်(ရန်ကုန်)တွင် စုဆောင်းထိန်းသိမ်းထားရှိသည့် တန်ဖိုးမဖြတ်နိုင် သော စာပေပစ္စည်းများအား Digital Form အဖြစ် ပြောင်းလဲပြီး e-Book, e-Periodical အဖြစ် လေ့လာဖတ်ရှုနိုင်ရန်အတွက် Digitized ပြုလုပ်ခြင်းကို ၂၀၁၀ ခုနှစ်မှ စတင်၍ ဆောင်ရွက်လျက် ရှိပါသည်။