ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ

ကမ္ဘာ့အမွေအနှစ်စာရင်း (World Heritage List) ဝင်ရောက်ရေးဆောင်ရွက်ချက်များ

၁။ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ် နိုင်ရန်အတွက် (၄.၁၀.၁၉၉၆) ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်ကော်မတီသို့ ပထမအကြိမ်တင်သွင်းခဲ့ရာ (၂၁)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီအစည်းအဝေးက ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ သည် ဥပဒေအရ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ထားခြင်း၊ တိကျသော နယ်မြေသတ်မှတ်ချက် နှင့် စနစ်ကျသော စီမံခန့်ခွဲမှုမရှိခြင်းတို့ကြောင့် Refer Back အဖြစ် ပြန်လည်ပေးပို့ခဲ့ပါသည်။

၂။ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေးအတွက် ၂၀၁၅ ခုနှစ်မှ စတင်ပြီး နိုင်ငံတကာအဖွဲ့အစည်းများ၊ UNESCO၊ ပြည်တွင်းပြည်ပပညာရှင်များနှင့် ပူးပေါင်းပြီ လိုအပ်သော အဖွဲ့အစည်းများ ဖွဲ့စည်းခြင်း၊ Nominationg Dosssier ရေးသားခြင်း၊ ဇုန်စီမံကိန်းရေးဆွဲခြင်း၊ Master Plan ရေးဆွဲခြင်း၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း ၊  Inventory မှတ်တမ်းများ အသေးစိတ်ကောက်ယူခြင်း၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ Inventory မှတ်တမ်းများ အသေးစိတ်ကောက်ယူခြင်း၊ ဥပဒေညှိနှိုင်းဆောင်ရွက်ခြင်း၊ အလုပ်ရုံ ဆွေးနွေးပွဲများနှင့် အစည်းအဝေးများကျင်းပခြင်း၊ သင်တန်းများပေးခြင်း၊ အသိပညာပေး Awareness လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

၃။ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးအတွက် အဆိုပြုစာတွဲ(အပြည့်အစုံ)ကို ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလ(၂၅)ရက်နေ့တွင် ကမ္ဘာ့အမွေအနှစ် ကော်မတီသို့ ပေးပို့ခဲ့ပါသည်။

၄။ တင်ပြချက်စာတွဲများကို နိုင်ငံတကာအထိမ်းအမှတ် အဆောက်အအုံနှင့် နေရာဒေသများ ကောင်စီ(International Council On Monuments and Sites (ICOMOS) စုံညီအဖွဲ့က ဖတ်ရှုပြီး အဖွဲ့၏နည်းပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင် သြစတြေးလျနိုင်ငံသား Mr. Richard Mackay သည် ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်နေ့မှ (၂၅) ရက်နေ့အထိ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသသို့ လာရောက်၍ အကဲဖြတ်လေ့လာ ဆန်းစစ်ခြင်းလုပ်ငန်းများကို ဆောင်ရွက် ခဲ့ပါသည်။

၅။ (၄၃)ကြိမ်မြောက် ညီလာခံအစည်းအဝေးတွင် ပုဂံဒေသနှင့် ပတ်သက်သည့် UNESCO အကြံပြုချက်များအပေါ် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို မြန်မာနိုင်ငံက တာဝန်ယူဆောင်ရွက်မည်ဖြစ်ပါသဖြင့် ကမ္ဘာ့အမွေအနှစ်ကော်မတီက လက်ခံအတည်ပြုပြီး ကမ္ဘာ့အမွေအနှစ်ကော်မတီ၏ ဆုံးဖြတ်အမှတ် 8B(20 COM)ဖြင့် ပုဂံယဉ်ကျေးမှုအမွေအနှစ် ဒေသသည် အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့၊ ဘာကူကွန်ဗင်းရှင်းစင်တာ၌ (၃၀.၆.၂၀၁၉) ရက်နေ့မှ (၁၀.၇.၂၀၁၉)ရက်နေ့အထိ ကျင်းပခဲ့သည့် (၄၃) ကြိမ်မြောက်၊ ကမ္ဘာ့အမွေအနှစ်ကော်မတီ ညီလာခံအစည်းအဝေးတွင် criteria အချက် (ii) ၊ (iv) နှင့် (vi)တို့ နှင့်အညီ ကမ္ဘာ့အမွေအနှစ်နေရာ(Bagan, World Heritage Site in Myanmar) ဖြစ်ခဲ့ပါသည်။