ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ကျိုင်းတုံယဉ်ကျေးမှုပြတိုက်အား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး လာရောက်ကြည့်ရှုစစ်ဆေး 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ၂၀၂၄ ခုနှစ်၊ မေလ ၁၁ ရက်နေ့၊ နေ့လယ်ပိုင်းတွင် အမှတ်(၁) ရပ်ကွက်ရှိ ယဉ်ကျေးမှုပြတိုက်သို့            ရောက်ရှိလာပြီး ပြခန်းခင်းကျင်းပြသထားမှုများအပေါ်  ပြတိုက်သို့ လာရောက်လေ့လာသူများ            စိတ်ပါဝင်စားမှု ရရှိစေရေးအတွက် လုံလောက်သော အလင်းရောင်ရရှိစေရေး ဆောင်ရွက်ထား ရှိရန်၊ ခင်းကျင်းပြသထားသည့် ပစ္စည်းအမျိုးအမည်နှင့် လိုက်ဖက်ညီသည့် အရောင်များကို ရွေးချယ်ခင်းကျင်းပြရန်၊ လာရောက်လေ့လာသူများ သက်တောင့်သက်သာဖြင့် ကြည့်ရှနိုင်ရေး အတွက် ပြသပစ္စည်းများအား သင့်တော်သည့်နေရာတွင် ပြောင်းလဲခင်းကျင်းပြသ ဆောင်ရွက် သွားရန် စသည်တို့ကို လမ်းညွှန်မှာကြားခဲ့ပါသည်။

            ဆက်လက်ပြီး အမှတ်(၄) ရပ်ကွက်ရှိ ယဉ်ကျေးမှုပြတိုက်အသစ်သို့ ရောက်ရှိလာကာ ပြတိုက်အတွင်းရှိ ပစ္စည်းများအား ခင်းကျင်းပြသရာတွင် အများပြည်သူ စိတ်ပါဝင်စားမှု ရရှိစေရေးအတွက် ပြခန်းအနေအထားပေါ်မူတည်ပြီး ပစ္စည်းများအား ပြောင်းရွှေ့ခင်းကျင်း ပြသထားရှိသွားရန်၊ ပြခန်းများတွင် Touch Screen နှင့် ဆက်စပ်ပစ္စည်းများ အသုံးပြု၍ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများကို လွယ်ကူစွာ လေ့လာသိရှိနိုင်ရေး ထားရှိ ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များကို အသေးစိတ် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိ ပါသည်။