၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘွဲ့လွန်စာကြည့်တိုက်စီမံခန့်ခွဲမှုပညာဒီပလိုမာသင်တန်း သင်တန်းသားများခေါ်ယူခြင်း

၁။      သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာနနှင့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်/မန္တလေး)တို့ပူးပေါင်း၍ အမျိုးသား စာကြည့်တိုက်(ရန်ကုန်/နေပြည်တော်)တို့၌ ၂၀၂၄၂၀၂၅ ပညာသင်နှစ် ဘွဲ့လွန်စာကြည့်တိုက် စီမံခန့်ခွဲမှုပညာဒီပလိုမာ (၁)နှစ် ( )လ သင်တန်းကို ဖွင့်လှစ်မည်ဖြစ်ပါသည်။

         (က) သင်တန်းအမည်   –   ဘွဲ့လွန်စာကြည့်တိုက်စီမံခန့်ခွဲမှုပညာဒီပလိုမာ

          (ခ)   သင်တန်းကာလ     (၁)နှစ် (၆)လ

          (ဂ)   ပညာအရည်အချင်း             တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိပြီးသူဖြစ်ရမည်။

          (ဃ)  သင်တန်းအချိန်     နံနက်(၁၀:၀၀) နာရီမှ ညနေ(၄:၃၀) နာရီ

          (င)  စတင်ဖွင့်လှစ်မည့်ရက်          ၂၀၂၄

          (စ)  ပေးအပ်မည့်ဘွဲ့                –   ဘွဲ့လွန်စာကြည့်တိုက်စီမံခန့်ခွဲမှုပညာဒီပလိုမာ

                                                          (Post Graduate Diploma in Library Management)

          (ဆ) သင်တန်းတည်နေရာ            အမျိုးသားစာကြည့်တိုက်(ရန်ကုန်)၊ အမှတ်(၆ဝ၄/၆ဝ၈) ကုန်သည်လမ်း၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြား၊ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၊ ရာဇသင်္ဂဟ အဝိုင်းအနီး၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်

၂။      လျှောက်ထားလိုသူများသည် ဌာနဆိုင်ရာဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာန အကြီးအမှူး၏ ခွင့်ပြုချက်၊ ပညာအရည်အချင်းထောက်ခံချက်၊ ဓာတ်ပုံ()ပုံတို့ဖြင့် လျှောက်ထားကြရမည်။ ဝင်ခွင့် လျှောက်လွှာပုံစံများကို ၁၄-၅-၂၀၂၄ ရက်နေ့မှစ၍ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)နှင့် အမျိုးသား စာကြည့်တိုက်(နေပြည်တော်)တို့သို့ လူကိုယ်တိုင်လာရောက်၍ဖြစ်စေ၊ အမျိုးသားစာကြည့်တိုက် (ရန်ကုန်) Website www.nlm.gov.mm Facebook page – National Library–Yangon နှင့် အမျိုးသားစာကြည့်တိုက်(နေပြည်တော်) Website www. nlmnpt.gov.mm Facebook page – National Library of Myanmar-NayPyiTaw တို့မှ download ပြုလုပ်၍ဖြစ်စေ ရယူလျှောက်ထား နိုင်ပါသည်။ လျှောက်လွှာများကို ၂၄-၅-၂၀၂၄ ရက်နေ့ နောက်ဆုံးထား၍ အမျိုးသားစာကြည့်တိုက် (ရန်ကုန်/နေပြည်တော်)တို့သို့ ပေးပို့လျှောက်ထားရမည်ဖြစ်ပြီး ဝင်ခွင့်စာမေးပွဲ(အင်္ဂလိပ်စာနှင့် စာကြည့်တိုက်ပညာရပ်ဆိုင်ရာ အထွေထွေဗဟုသုတ)ကို ၂၈-၅-၂၀၂၄ ရက် (အင်္ဂါနေ့)တွင် ဖြေဆိုရ မည်ဖြစ်သည်။

၃။     အသေးစိတ်သိရှိလိုပါက အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ဖုန်း-ဝ၁-၈၃၇၉၂၉၄၊ အမျိုးသား စာကြည့်တိုက်(နေပြည်တော်) ဖုန်း-၀၆၇-၃၄၁၈၄၂၆ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန