သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံမှ ရှာဖွေသုတ၊ ပညာမျှ၊ ပြတိုက်များကဏ္ဍ (Museum Talk Show) ရိုက်ကူးခြင်း ရန်ကုန် မေ  (၁၅)

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ရန်ကုန်တိုင်း ဒေသကြီး မြန်မာ့ရုပ်မြင်သံကြား ရိုက်ကူးခန်းမသို့ နံနက် (၁၁:၄၀) ချိန်ရောက်ရှိခဲ့ပြီး ပြတိုက် ပညာရပ်ဆိုင်ရာများ၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ဗဟုသုတများ၊ သမိုင်းကြောင်း ဆိုင်ရာများ၊ သဘာဝသမိုင်းနှင့် လူသားမျိုးနွယ်စုဆိုင်ရာကိစ္စရပ်များနှင့် မြန်မာ့ယဉ်ကျေးမှုအနုသုခုမ ပညာဆိုင်ရာများအား Talk Show ရိုက်ကူးနိုင်ရေး မြန်မာ့သမိုင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ(၂) ဒေါက်တာတိုးလှ၊ ရှေးဟောင်းသုတေသနပညာရှင် ညွှန်ကြားရေးမှူး (ငြိမ်း) ဦးပေါက်ပေါက်၊ မန္တလေးတက္ကသိုလ် ပါမောက္ခ ဒေါက်တာဇင်မောင်မောင်သိန်း၊ ပန်းချီပညာရှင် ဒါရိုက်တာ ပန်းချီစိုးမိုး တို့နှင့် တွေ့ဆုံညှိနှိုင်းခဲ့ပြီး ပြည်တွင်း၊ပြည်ပ ဧည့်သည်များ၊ ကျောင်းသား၊ကျောင်းသူ လူငယ်များ အမျိုးသားပြတိုက်သို့ လာရောက်လေ့လာရာတွင် ပြသနိုင်ရေး အမျိုးသားအဆင့် Talk Show ရိုက်ကူးခြင်းလုပ်ငန်းအား နေ့လယ် (၁၂:၄၅) နာရီအချိန်တွင် စတင်ရိုက်ကူးခဲ့ပြီး ရိုက်ကူးနေစဉ် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မှ လာရောက် တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။ Talk Show ရိုက်ကူးခြင်းအား နေ့လယ် (၁၅:၁ဝ)နာရီအချိန်တွင် ရိုက်ကူးပြီးစီးကြောင်း သတင်းရရှိပါသည်။