သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ အခြေခံပညာနှင့် အဆင့်မြင့်ပညာသင်ရိုးများ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲသို့တက်ရောက် နေပြည်တော် မေလ ၃ရက်

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှိ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာကတက္ကသိုလ် များတွင် အခြေခံပညာ Grade 12 နှင့် အဆင့်မြင့်ပညာ(တက္ကသိုလ်)သင်ရိုးများ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပွဲကို ၃.၅.၂၀၂၄ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၃၅)ရှိ လောကနတ်ခန်းမ၌ ကျင်းပပြုလုပ်ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်၊ မန္တလေး)တို့မှ ပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ ညွှန်ကြားရေးမှူး(လေ့ကျင့်ရေးနှင့်သုတေသနဌာနခွဲ)နှင့် ဌာနမှူး၊ ပါမောက္ခ(ဌာနမှူး) နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ညှိနှိုင်းဆွေးနွေးပွဲနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို အဖွင့်အမှာစကားပြောကြားပြီး Grade 11 နှင့် Grade 12 သင်ရိုးများကို လေ့လာကာ မိမိတို့ တက္ကသိုလ်နှင့် ကိုက်ညီသော သင်ရိုးညွှန်းတမ်းများ ပြင်ဆင်ရေးဆွဲနိုင်ရန်၊ တက္ကသိုလ်များတွင် ဘွဲ့ ဒီဂရီများ အပ်နှင်းရာတွင် term paper/ project paper များ ပြုလုပ် စေပြီးမှ ဘွဲ့ပေးအပ်ရန် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အပေါ် လိုက်နာဆောင်ရွက်ထား ရှိမှု၊ တက္ကသိုလ်အသီးသီး၏ ပညာသင်နှစ်များကို လက်ရှိသင်ကြားနေသည့် ပညာသင်နှစ်အတိုင်း ထားရှိရန် သို့မဟုတ် လျော့ချရန် လိုအပ်ခြင်း ရှိ/မရှိနှင့် အနုပညာကောလိပ်များ တိုးချဲ့ဖွင့်လှစ်နိုင် ရေးတို့ကို ထည့်သွင်းဆွေးနွေးခဲ့ကြပါသည်။           တက်ရောက်လာသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပြီး ဒုတိယဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ၁၃:၀၀ နာရီတွင် ရုပ်သိမ်း လိုက်ကြောင်း သတင်းရရှိပါသည်။