သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ဗိုလ်တထောင်  ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ရှိ ဗုဒ္ဓပြတိုက်နှင့် ပြတိုက်အမှတ် () အား    ကြည့်ရှု စစ်ဆေး ရန်ကုန်   မေ    ၁၆

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ၂၀၂၄ ခုနှစ်၊ မေလ ၁၆ ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင် မြို့နယ်၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးသို့ ရောက်ရှိပြီး ဘဏ္ဍာ တော်ထိန်းဂေါပကအဖွဲ့ဝင်များနှင့်အတူ ဆံတော်မြတ်ရတနာအား ဖူးမြော်ပြီးနောက် ဆံတော်တွင်း ဗုဒ္ဓပြတိုက်အား လှည့်လည်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ပါသည်။           ထို့နောက် ဒုတိယဝန်ကြီးနှင့် ဂေါပကအဖွဲ့ဝင်များသည် ဘုရားဖူးလမ်းညွှန်လုပ်ငန်း ကော်မတီ (Pagoda Digital Directory Committee) ခန်းမသို့ ရောက်ရှိပြီး ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီ၏ ဘုရားဖူးလမ်းညွှန်ဆိုင်ရာအချက်အလက် (Pagoda Digital Directory) များနှင့်ပတ်သက်၍ ရုံးအဖွဲ့မှူး၏ ရှင်းလင်းပြသမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် ဂေါပက အဖွဲ့ဝင်များသည် ဗိုလ်တထောင်ဘုရား ပြတိုက်အမှတ် (၂) သို့ သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ပြီး ထပ်မံတိုးချဲ့ခင်းကျင်းမည့်နေရာအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။