သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ မန္တလေးဒေသသို့ လာရောက်ကြည့်ရှုစစ်ဆေးခြင်း၂၀၂၄ ခုနှစ်၊ မေလ ၁၉၊ ၂၀ ရ

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ရှေးဟောင်းသုတေသန  နှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊   ညွှန်ကြားရေးမှူးချုပ်နှင့်    အဖွဲ့သည်

၁၉-၅-၂၀၂၄ ရက်နေ့၊ နံနက်(၀၉:၁၅)နာရီအချိန်တွင်  မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ ခရိုင်၊ မဟာအတုလဝေယန်(အတုမရှိ)ကျောင်းတော်ကြီးပေါ်၌ ကိန်းဝပ်စံပယ်လျက်ရှိသော စူဠာမုနိရုပ်ရှင်တော်မြတ်ကြီးအား ဖူးမျှော်၍ သက်တမ်းနှင့် သမိုင်းကြောင်းတို့ကို စိစစ်လေ့လာ သုံးသပ်နိုင်ရေးအတွက် ပဏာမဆွေးနွေးမှုပြုလုပ်ခဲ့ပါသည်။

(၁၁:၃၀)နာရီအချိန်တွင် ဗန်းမော်ကျောင်းတိုက်သို့ရောက်ရှိပြီး ဗန်းမော်ဆရာတော် ဘုရားကြီး၏ အထိမ်းအမှတ်ပြတိုက်အဖြစ် ပြုလုပ်မည့် ဝိဇ္ဇာစရဏကျောင်းဆောင်တော်သို့ သွားရောက်လျက် ပြတိုက်လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ပြတိုက်တွင် ပြကွက် အလိုက် ခင်းကျင်းပြသထားသည့်လုပ်ငန်းများ၊ မီးအလင်းပေးမှု စီစဉ်ဆောင်ရွက်ထားရှိမှုများ အား အသေးစိတ်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့် Captions များ ဆက်လက်ဆောင်ရွက် ထားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း၊ ချမ်းအေးသာစံမြို့နယ်၊ ငပယင်းဝင်းတွင်ရှိ ဆုတောင်းပြည့် ကျွန်းသားဆင်းတုတော်အား စူဠာမုနိစေတီတော်နှင့် နှိုင်းယှဉ်သုံးသပ်နိုင်ရန် သွားရောက်ဖူးမျှော် ခဲ့ပါသည်။ နေ့လည်(၁၄:၀၀)နာရီအချိန်တွင် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီး ဌာန၊ မန္တ‌လေးဌာနခွဲရုံး၌ စူဠာမုနိရုပ်ရှင်တော်မြတ်ကြီး၏ သက်တမ်းနှင့် သမိုင်းကြောင်း စိစစ်လေ့လာသုံးသပ်နိုင်ရေးအတွက် ဖွဲ့စည်းထားသော အဖွဲ့ဝင်များဖြင့် ဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်ခဲ့ရာ စူဠာမုနိရုပ်ရှင်တော်မြတ်ကြီး၏ ကိုးကွယ်ယုံကြည်မှု၊ ဘုရားသမိုင်းကြောင်း အထောက်အထား မှန်/မမှန်၊ ဆင်းတုတော်သက်တမ်းစိစစ်ချက်များကို ကိုးကွယ်ယုံကြည်မှု ရှုထောင့်၊ ရှေးဟောင်းသုတေသနအမြင်ရှုထောင့်နှင့် သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များ အရ ဆွေးနွေးခဲ့ကြပါသည်။         

          ဆက်လက်၍ မစိုးရိမ်တိုက်သစ်သို့ သွားရောက်၍ မန္တလေးတိုင်းဒေသကြီး၊ သံဃနာယက အဖွဲ့ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူခဲ့ကြပြီး ညနေ(၁၇:၃၀)နာရီအချိန်တွင် ပြန်လည်ထွက်ခွာ ခဲ့ကြောင်း သတင်းရရှိပါသည်။

          ၂၀-၅-၂၀၂၄ ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု) ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မန္တလေးတိုင်း ဒေသကြီး လူမှုရေးရာဝန်ကြီး၊ မန္တလေးမြို့တော်ဝန်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ သစ်တောဦးစီးဌာန၊ မြန်မာ့ သမိုင်း အချိန်ပိုင်းအဖွဲ့ဝင်၊ ရှေးဟောင်းသုတေသန အကြံပေးပညာရှင်၊ စူဠာမုနိရုပ်ရှင်တော် မြတ်ကြီးနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး၊ သံဃနာယကအဖွဲ့ ဆရာတော်ကြီးများ၏ ဩဝါဒမိန့်မှာချက်များနှင့် သက်တမ်းနှင့် သမိုင်းကြောင်းတို့ကို စိစစ်လေ့လာသုံးသပ်နိုင်ရေး အတွက် ပဏာမဆွေးနွေးမှုများအား မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ဆွေးနွေးတင်ပြခဲ့ ကြပါသည်။ ထို့နောက် ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် အမရပူရ(ဗားကရာ)ကျောင်းရှိ ဗုဒ္ဓပြတိုက် တွင်ရှိ ခေတ်အဆက်ဆက်က ရှေးဟောင်းဆင်းတုတော်များနှင့် စူဠာမုနိရုပ်ရှင်တော်တို့ နှိုင်းယှဉ် နိုင်ရန် သွားရောက်ဖူးမျှော်ခဲ့ပြီး နေ့လည်(၁၂:၀၀)နာရီအချိန်တွင် ပြန်လည်ထွက်ခွာခဲ့ကြောင်း သတင်းရရှိသည်။