ပထမအကြိမ် ကဆုန်ညောင်ရေသွန်းလောင်းပူ‌ဇော်ပွဲကျင်းပခြင်း

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)သည် မြန်မာ့ရိုးရာယဉ်ကျေးမှုပွဲတော် များနှင့် ဆယ့်နှစ်လရာသီပွဲတော်များကျင်းပ၍ ယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်လျက်ရှိရာ ကဆုန်ညောင်ရေသွန်းပွဲတော်ကို ၂၂-၅-၂၀၂၄ (ကဆုန်လပြည့်နေ့)၊ နံနက် ၀၉:၀၀ နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ တက္ကသိုလ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာ ကေသီထွေး၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၃၀) ဦးခန့် တက်ရောက်ခဲ့ ကြပါသည်။

          အခမ်းအနား အစီအစဉ်ပထမပိုင်းတွင်  ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၈)ရပ်ကွက်၊ ပုလဲကျွန်းလမ်း၊ ရွှေစေတီဝိစာရဓမ္မရိပ်သာကျောင်းတိုက်ကြီး၏ ပဓာန နာယက ဆရာတော် ဒေါက်တာဘဒ္ဒန္တ ဓမ္မသာရ အရှင်သူမြတ်အမှူးရှိသော သံဃာတော် (၅)ပါးက ဗုဒ္ဓရုပ်ပွားတော်အား ဗုဒ္ဓဘိသေကအနေကဇာတင်ခြင်း၊ သံဃာတော်များက ညောင်ပင်အား ရေသွန်းလောင်းခြင်း၊ ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်(စီမံ)နှင့် ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ အရာထမ်း၊ အမှုထမ်းများ၊ တက္ကသိုလ်မှ ဝတ်အဖွဲ့ဝင် များက ရေသွန်းလောင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။           အစီအစဉ် ဒုတိယပိုင်းတွင်  တက္ကသိုလ်ဓမ္မာရုံ၌ ဆရာတော်ထံမှ နဝင်္ဂသီလခံယူ စောင့်တည် ခြင်း၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ တရားတော် နာယူခြင်းနှင့် ကောင်းမှုကုသိုလ်များအတွက် ရေစက်ချအမျှပေးဝေခြင်း၊  သံဃာတော်များအား ဆွမ်းဆက်ကပ် လှူဒါန်းခြင်း၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအား ကြာဆံချက်၊ အအေးတို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သတင်းရရှိသည်။