ဘွဲ့လွန်စာကြည့်တိုက်စီမံခန့်ခွဲမှုပညာဒီပလိုမာသင်တန်း အမှတ်စဉ်(၁၁) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာနနှင့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)တို့ ပူးပေါင်း၍ အမျိုးသား စာကြည့်တိုက်(ရန်ကုန်)တွင် ဖွင့်လှစ်သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ဘွဲ့လွန်စာကြည့်တိုက် စီမံခန့်ခွဲမှုပညာဒီပလိုမာသင်တန်းအမှတ်စဉ်(၁၁) ဖွင့်ပွဲအခမ်းအနားကို အမျိုးသားစာကြည့်တိုက် (ရန်ကုန်)၊ သင်တန်းခန်းမ၌ ၃-၆-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် ကျင်းပခဲ့ရာ သမိုင်း သုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့် တက်ရောက်၍ နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပါသည်။

          ယင်းနောက် အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ညွှန်ကြားရေးမှူး ဒေါက်တာကေသီအေး က သင်တန်းနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

          အဆိုပါဖွင့်ပွဲအခမ်းအနားသို့ သမိုင်းသုတေသနဌာနခွဲ(ရန်ကုန်)မှ ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူ (၁၁)ဦး တက်ရောက်ခဲ့ကြပါသည်။