အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ (၁/၂၀၂၄) ပညာရေးအဖွဲ့အစည်းအဝေး

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ (၁/၂၀၂၄) ပညာရေးအဖွဲ့ အစည်း အဝေးကို ၂၉-၅-၂၀၂၄ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(ရန်ကုန်)၊ စွယ်တော်ဆောင်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ပါမောက္ခ၊ ဌာနမှူးများ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ပညာရေးအဖွဲ့ဝင်များ၊ သင်တန်းမှူးများ တက်ရောက်ကြသည်။           အစည်းအဝေးတွင် ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက အဖွင့်အမှာစကားပြောကြား သည်။ ဆက်လက်၍ ဌာနမှူး(သင်တန်းရေးရာ)က အမှာစာ(၁၀)စောင် တင်ပြပြီး အစည်းအဝေး တက်ရောက်လာသူများက အကြံပြုညှိနှိုင်းဆွေးနွေးကြသည်။ ထို့နောက် ပါမောက္ခချုပ်က နိဂုံးချုပ် စကား ပြောကြားပြီး အစည်းအဝေးကို ၁၅:၃၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။